Wednesday, May 4, 2011

Computer တစ်လုံး ၀ယ်ရင်ဘာတွေသိထားဖို့လိုသလဲ

အဆင်ပြေကိုက်ညီသော ကွန်ပျုတာတစ်လုံး ရွေးချယ်ရာတွင် motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် video adapter(VGA) တို့ကိုက်ညီဖို့က အရေးကြီးအဆုံးဖြစ်ပါတယ်..။ monitor, Hard disk Drive, Floppy Drive, CD/DVD Drive တို့ကတော့ မိမိအဆင်ပြေသလို စိတ်ကြိုက်အရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ အခုအပိုင်းမှာ motherboard နှင့် Processor ၊ motherboard နှင့် RAM ၊ motherboard နှင့် video adapter(VGA) တို့ကို ဘယ်လို ကိုက်ညီအောင် ရွေးချယ်မလဲ ဆိုတာကို  ရှင်းလင်းပြောပြ ပေးသွားပါမယ်။ processor တွင် Intel processor နှင့် AMD processor ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အသုံးအများဆုံး ဖြစ်သော Intel processor အခြေခံ ကွန်ပျုတာ အတွက် အစိတ်အပိုင်း ရွေးချယ်မှုကိုသာ ဖော်ပြပေးပါသွားပါမယ်။


(1) Motherboard
                  Motherboard ကို ရွေးချယ်ရာတွင် Processor Pin socket အရေအတွက်၊ memory RAM slot အရေအတွက်၊ HDD နှင့် CD drive အတွက်
IDE/ SATA slot  အရေအတွက်၊ VGA slot အမျိုးအစား နှင့် expansion slot ( Network card, sound card စသည့်တို့အတွက်) အရေအတွက် တွေကို အကြမ်းဖျင်း ကြည့်ရှုကာ ရွေးချယ်ကြပါတယ်။ Motherboard မှာ Intel Processor အတွက် motherboard နဲ့ AMD processor အတွက် AMD processor board ဆိုပြီး နှစ်မျိုးရှိပါတယ်.။ အသုံးများတာကတော့ Intel processor ပါ။ Intel processor board တွေမှာ Processor Pin Socket အနေနဲ့ LGA478 နဲ့ LGA775 ဆိုပြီး နှစ်မျိုးနှစ်စား ရှိပြီး အခုနောက်ပိုင်းမှာ LGA775 တွေသာ အများဆုံး ထုတ်လုပ်အသုံပြုနေကြပါတယ်.။ 

(2) Motherboard နှင့် Processor
             Motherboard နှင့် processor ကို ကိုက်ညီအောင်ရွေးချယ်ရာတွင် အောက်ဖော်ပြပါ အချက်တွေကို ကြည့်ရှုရွေးချယ်ရပါမယ်။
  • Processor Pin socket အတွက် (LGA775 / LGA478 ) ဆိုတာကို ကြည့်ရပါမယ်။ motherboard မှာ LGA775 ဆိုရင် processor socket 775 ကိုဝယ်ရပါမယ်.။ LGA478 ဆိုရင်တော့ processor socket 478 မှကိုက်ညီပါမယ်.။
  • Motherboard က ဘယ် processor အမျိုးအစားကို support လုပ်နိုင်တယ်ဆိုတာ ကြည့်ရှုရပါမယ်။ Pentium 4, Pentium D, Celeron, Duo Core, Core 2 Duo, Quad Core, Core 2 Quad, i3, i5, i7 စသည့် ကိုယ်အသုံးပြုချင်သော processor ကို support လုပ်လားဆိုတာ သေချာ ကြည့်ရှုရပါမယ်.။
  • Front Side Bus(FSB) အတွက် motherboard front side bus MHz နဲ့ processor front side bus ရဲ့ MHz တို့ တူညီမှု ရှိမရှိကို ကြည့်ရပါမယ်.။ Front side bus ကို MHz နဲ့ဖော်ပြပြီး 533/800/1066/1333 MHz ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်.။ Processor FSB ဟာ 1066 MHz ရှိမယ်ဆိုရင် motherboard ကလည်း 1066 MHz support ဖြစ်တာကို ရွေးချယ်ရပါမယ်.။ 
  • Processor ကိုရွေးချယ်ရာတွင် OEM နဲ့ BOX ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်.။ OEM ဆိုရင် Processor fan (CPU cooler) မပါပဲ processor အလုံးလိုက် ရောင်းချတာ ဖြစ်ပါတယ်။ BOX ဆိုရင်တော့ Processor နဲ့ Fan ပါ တစ်ခါထဲ ပါပြီးသား ဖြစ်ပါတယ်.။ OEM ကိုဝယ်မယ်ဆိုရင်တော့ Processor Fan( cooler) ကို ထပ်မံဝယ်ယူရန် လိုအပ်ပါတယ်.။
(3) Motherboard နှင့် RAM
                      MotherBoard နဲ့ RAM အမျိုးအစား ကိုက်ညီမှု ရှိမရှိ ရွေးချယ်နိုင်ရန်အတွက်  motherboard က RAM က ဘာအမျိုးအစားလဲ ဆိုတာ အရင်ကြည့်ရပါမယ်။ DDR လား၊ DDR II လား၊ DDR III အမျိုးအစားလား ဆိုတာ အရင်ကြည့်ရပါမယ်။ RAM အမျိုးအစားကို အများအားဖြင့် DDR PC 3200(400Mhz), DDR II PC2 4200(533Mhz), DDR II PC2 5300 (667Mhz) စသည်ဖြင့် ဖော်ပြတတ်ကြပါတယ်။ Capacity ကိုတော့ Mhz ဖြစ်နဲ့ ဖော်ပြထားပါတယ်.။ Motherboard မှာ Support ဖြစ်တဲ့ RAM ကိုတော့ ဥပမာ- DDR II DIMM (400/533/667) Mhz ဆိုပြီးဖော်ပြတတ်ပါတယ်။ motherboard support ဖြစ်တဲ့ RAM Mhz နဲ့ ရွေးချယ်မဲ့ RAM Mhz တို့ကိုက်ညီ တူညီမှု ရှိရပါမယ်။ တစ်ချို့ Board တွေမှာ memory slot (2) ခုသာပါပြီး တစ်ချို့မှာတော့ memory slot (4) ခုအထိ ပါပါတယ်။ Memory ကိုထပ်ပြီး upgrade လုပ်ဖို့ အစီအဉ်ရှိတယ် ဆိုရင်တော့ slot များတာကို ရွေးပါ။ motherboard က dual channel support လားဆိုတာ သေချာ ဖတ်ကြည့်ပါ။ Dual Channel Motherboard ဆိုရင် RAM ကို နှစ်ချောင်းတပ်ပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ ဥပမာ RAM ကို 1GB တပ်မယ်လို့ စိတ်ကူးထားရင် Dual Channel board မှာ 512 MB RAM နှစ်ချောင်း စိုက်ပေးမှ စက် ရဲ့လုပ်ဆောင်မှု့ ကောင်းမွန် အဆင်ပြေမှာဖြစ်ပါတယ်။ Dual Channel Board တွေမှာ အများအားဖြင့် Memory Slot လေးချာင်းပါ တတ်ပြီး 4GB အထိ အများဆုံး ထည့်လို့ရပါတယ်။ တွဲသုံးရမဲ့ slot တွေကို အနီ အ၀ါ စသည်ဖြင့် တွဲပြီး သတ်မှတ်ပေးထားပါတယ်။

(4) Motherboard နှင့် vedio adapter(VGA)
                Motherboard နှင့် vedio adapter(VGA) ကိုက်ညီမှု ရှိမရှိ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ VGA card slot တွင် AGP slot type နဲ့ PCI x 16 slot type ဆိုပြီး နှစ်မျိုးရှိပါတယ်။ motherboard support မှာ AGP slot type ဆိုရင် AGP type အမျိုးအစား VGA ကို ရွေးချယ်ရပါမယ်။ motherboard က PCIx16 slot type ဆိုရင် PCI type အမျိုးအစား VGA ကို ရွေးချယ်ဝယ်ယူရပါမယ်။ Graphic Card မှာ active cooling ဆိုတဲ့ ပန်ကာသုံးတဲ့ VGA အမျိုးအစားနဲ့ passive cooling ဆိုတဲ့ ပန်ကာ မသုံးသော အအေးခံတဲ့ VGA ဆိုပြီးနှစ် မျိုးနှစ်စား  ရှိပါတယ်။  မိမိကြိုက်နှစ်သက်ရာ ကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။

(5) Hard disk Drive(HDD)
                 HDD ကို ရွေးချယ်ဝယ်ယူရာတွင် 40GB,80 GB, 120GB,160GB, 200GB, 250 GB, 320 GB, 500 GB, 1000 GB စသည့်ဖြင့် မိမိစိတ်ကြိုက် capacity ကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ HDD မှာ IDE cable သုံးတဲ့ IDE Hard disk နဲ့ SATA cable သုံးတဲ့ SATA Hard disk ဆိုပြီး နှစ်မျိုးရှိပါတယ်။ HDD cache အနေနဲ့ 8Mb, 16Mb, 32Mb စသည့်ဖြင့် အမျိုးအစားအမျိုးမျိုးရှိပြီး Mb များလေး ကောင်းလေပါပဲ။ 

(6) Casing ပုံး
            Casing မှာ Tower (ပုံးအကြီး) နဲ့ miniTower (ပုံးအသေး) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ပုံးအကြီးမှာ ATX motherboard ကို တပ်နိုင်တဲ့အပြင် microATX motherboard အသေးကိုပါ တပ်ဆင်လို့ရပါတယ်။ ပုံးအသေး (mini tower) မှာတော့ microATX motherboard အသေး တစ်ခုတည်း ကိုသာ တပ်ဆင်လို့ရပါတယ်။ ပုံးအသေးဝယ်မယ်ဆိုရင် နောက်ထပ် hardware တွေထပ်ထည့်ပြီး upgrade လုပ်ဖို့ အတွက် အခက်အခဲ ၇ှိတတ်ပါတယ်။ ပုံးအကြီးကတော့ upgrade လုပ်ဖို့ရာ အဆင်ပြေ ပါတယ်။ ပုံးဝယ်ယူမယ်ဆိုရင် အဓိကကျတာ power supply ပါ။ 350 watt, 400 watt, 450 watt, 500 watt, 550 watt စသည်ဖြင့် watt အပေါ်လိုက်ပြီး အမျိုးအစား ကွဲကြပါတယ်.။ watt များတာ ၀ယ်လေလေ စိတ်ချ ရလလေပါ။ အများအားဖြင့် watt 450 ဆိုရင် လုံလောက်ပါတယ်။

(7)Floppy Drive, DVD/CD Drive နဲ့ Monitor 
                    Floppy Drive, DVD/CD Drive နဲ့ Monitor တွေကိုတော့ မိမိစိတ်ကြိုက် ကြိုက်နှစ်သက်ရာ ကို  ရွေးချယ်ဝယ်ယူ လို့ရပါတယ်။ Floppy Drive ကတော့လူတိုင်း မသုံးသလောက် ဖြစ်သွားပါပြီ။ အဓိက  အားဖြင့် motherboard,  processor, RAM,  VGA card ကိုက်ညီမှု ရှိမယ်ဆိုရင် အဆင်ပြေကောင်းမွန် သွက်လက်သော ကွန်ပျုတာ တစ်လုံးကို ရရှိမှာဖြစ်ပါတယ်။

ဒါဆိုအားလုံးအဆင်ပြေ လောက်ပါပြီ။

ဒီ post လေးရဲ့ မူရင်းပိုင်ရှင် ဖြစ်တဲ့ ကိုဇင်ယော်စိုး ကိုလည်း ကျေးဇူးတင်ပါတယ်။ 



No comments:

Post a Comment