Tuesday, May 31, 2011

iPhone ပေါ်မှာ အုပ်စုဖွဲ့ ပြီးအချင်းချင်း စကားပြောချင်ရင် (To make a conferamce call on iPhone)

iPhone ပေါ်မှာ အုပ်စုဖွဲ့ ပြီးအချင်းချင်း စကားပြောချင်တဲ့ သူတွေတွက် နည်းလမ်းလေးတစ်ခုပါ။ အုပ်စုတစ်ခုမှာ ငါးယောက်အထိသာခွင့်ပြုထားပြီး အချင်းချင်း အပြန်အလှန်ပြော ဆိုနိုင်ပါတယ်။ သုံးတတ်မယ် ဆိုရင်တော့ အသုံးဝင်မယ်ထင်ပါတယ်။ နည်းလမ်းလေးကိုတော့ အောက်မှာ အဆင့်ဆင့် ပြထားပေးပါတယ်။

Step 1)
Make a your first call. You can manually input the phone number or find the person in your list of contacts.

Step 2)
When your first caller is on the line, press the "add call" sign (lower left hand corner) on the phone to make a second call.




Step 3)
The keypad will reappear so you can enter another phone number or choose from your list of contacts again. When you have chosen a contact or added the number, look to the screen again. Tap "Merge calls" (lower left hand corner.).




Step 4)
In this time, everyone can hear and talk each other. To add other callers, repeat steps 2 and 3.


Step 5)  
If you want to drop one of the caller from a conference, tap Conference, tap the red circle, and tap End Call. The red circle has a little picture of the phone in it and appears next to the caller name. 


Step 6)  
To speak privately with one of the callers in a conference, tap Conference, and then tap Private next to the caller. Tap Merge Calls to bring the caller back into the conference so that everyone can hear him or her again.



 P.S)  ၀င်လာတဲ့ incoming call ကိုလဲ Answer လုပ်ပြီးရင် Step 2 မှ 6 ကို နည်းတူ အသုံးပြုနိုင်ပါတယ်။

                              ဒီနေရာမှာ ကျနော်ရဲ့ အတွေ့အကြုံလေးကို Share လုပ်ချင်ပါတယ်။ ကျနော်အ သုံးပြု နေတဲ့ ဖုန်းက M1 ဖုန်းလိုင်းပါ။ ကျနော်မှာ အစ်ကို တစ်ယောက်ရှိပါတယ်။ သူလဲ M1 ဖုန်းလိုင်းကိုပဲ အသုံးပြု ပါတယ်။ M1 ဖုန်းလိုင်းက တခြား M1 ဖုန်း (၃) လုံးကို Free ခေါ်ဆိုခွင့်ပြုထားပါတယ်။ သူနဲ့ ကျနော် နဲ့ က Singapore မှာ တစ်နေရာဆီ နေထိုင်ကြပါတယ်။ နေတဲ့နေရာက ဝေးတော့ လူချင်းမတွေ့ဖြစ်တာများ တယ်။ ဒါကြောင့် ဖုန်း နဲ့ပဲ အဆက်အသွယ်လုပ်နေရတယ်...!!!!!

                            ကျနော်ရဲ့ ဖုန်းကို Hi Minutes ပြည်ပခေါ်ဆို ကဒ် နဲ့ callback registration လုပ်လိုက်ပါ တယ်။ မြန်မာပြည်ကို ၅၃ မိနစ် ခေါ် ဆိုခွင့်ပြုတယ်ဆိုတဲ့ Message လေးတစ်ခု ကျနော့် ဖုန်းထဲဝင်လာပါ တယ်။ ဒါနဲ့ မြန်မာပြည်မှာ ရှိတဲ့ ကျနော့် မိဘတွေဆီကို callback နဲ့ ဖုန်းခေါ် လိုက်တယ်။ ကျနော့် မိဘတွေနဲ့ စကားပြောနေတုန်း ကျနော့် စိတ်ထဲမှာ မိသားစုအတူတူ စကားပြောချင်လာတယ်။ ဒါနဲ့အထက်က နည်းလေး အတိုင်း အသုံးပြုပြီး အစ်ကိုဆီကို ဖုန်းခေါ်လိုက်တယ်။ ပြီးတော့ အစ်ကို၊ ကျနော် နဲ့ ကျနော့် မိဘ အားလုံး တစ်ချိန်ထဲမှာ အတူတူ စကားပြောကြတယ်။ သုံးကြည့်လိုက်တော့ ဒီနည်းလေးကို တော်တော်သဘောကျ သွားတယ်။ ကျနော်တို့ မိသားစုတွေ ဘယ်လောက်ဝေးဝေး တစ်နေရာထဲမှာ ထိုင်ပြီး စကားပြောနေရသလို ပဲခံစား လိုက်ရတယ်....!!!!
မှတ်ချက်။       ။ Singtel နဲ့ StarHub ဖုန်းလိုင်းများမှ Hi Minute ဖုန်းကဒ် ကို callback registration လုပ်
                      ပါက မြန်မာပြည်သို့  ၅၃ မိနစ် ခေါ်ဆိုခွင့် ပြုမပြု ဆိုတာကို ကျနော်မသိပါ။ 
 
အားလုံးကို ကျေးဇူးတင်ပါတယ်။



မူရင်းရေးသားသူ။   ။ Nyein Latt 

No comments:

Post a Comment