Saturday, April 16, 2011

Microsoft Office (2003) (2007) များနှင့် လုပ်ထားတဲ့ Documents တွေကို password ထားချင်ရင်

Microsoft Office (2003) (2007) များနှင့် မိမိ လုပ်ထားတဲ့ Documents တွေကို အကြောင်းအမျိုးမျိုးကြောင့် prassword နဲ့ သိမ်းထားချင်ရင် အသုံးပြုနည်းလေးပါ။

Microsoft Office (2003) မှာသုံးပုံ

အဆင့် (၁) မိမိ လုပ်ထားတဲ့ Document file ကို Save လုပ်လိုက်ပါ။ အောက်က ဇယားလေးပေါ်လာပါလိမ့်မယ်။

အဆင့် (၂) ဇယားထဲက ညာဘက် ထောင့်နားမှာ ရှိတဲ့ Tools ကိုကလစ်ပါ။ ၄င်းထဲက Security Options ကိုထပ်ရွေးပါ။ အောက်က Security ဇယားလေးထွက်လာပါလိမ့်မယ်။


အဆင့် (၃) prassword ကို မိမိနှစ်သက်သလို ထည့်ပြီးရင် OK ပေးလိုက်ပါ. အောက်ပါအတိုင်း နောက်တစ်ခု ဇယားလေးတစ်ခုထွက်လာပါလိမ့်မယ်။


အဆင့် (၄) အဲဒီမှာ မိမိရဲ့ ပထမ ရေးထားတဲ့ prassword ကို အတည်ပြုဖို့ ပထမ အတိုင်းထပ်ရေးပြီး ထည့်ပါ။ ပြီးရင် OK ကလစ်ပါ။ ဒါဆိုရပါပြီ။ File name ပေး Save ပါတော့။

Microsoft Word (2007) မှာသုံးပုံ

အဆင့် (၁) မိမိလုပ်ထားတာလေးကို Save မလုပ်ခင် အောက်ကပုံလေးအတိုင်း Document file ရဲ့ ဘယ်ဘက်ထောင့်မှာ Microsoft Word Logo လေးကိုကလစ်ပါ။ Prepare ကိုရွေးပါ။ ယင်းထဲက သော့ပုံလေးနဲ့ Encrypt Document ကိုကလစ်လိုက်ပါ။



အဆင့် (၂) password ထည့်ဖို့  အောက်က box လေးထွက်လာပါလိမ့်မယ်။


အဆင့် (၃) prassword ထည့်ပြီးရင် OK လေးကလစ်လိုက်ပါ။ နောက်ထပ် box တစ်ခုထွက်လာပါလိမ့်မယ်။

 
အဆင့် (၄) အဲဒီမှာ မိမိအထက်က ရေးထားတဲ့ prassword ကို ထပ်ထည့်ရေးပြီး အတည်ပြုပေးလိုက်ပါ။ ပြီးရင် OK ပေါ့။ ဒါဆို Save ကို ကလစ်ပြီး မိမိ လုပ်ထားတဲ့ Documents တွေကို သိမ်းလို့ရပါပြီ။
******ပြန်ဖွင့်ရင် မပွင့်တော့ပါ။ prassword ထည့်မှရမှာနော်။ အဆင်ပြေကြပါစေ....
ဒီ post လေးကို တင်ပေးတဲ့ ကိုအောင်ကျော်မင်း (ကျွန်းသား) ကိုအထူးကျေးဇူးတင်ပါတယ်။

No comments:

Post a Comment