Hardware ID ကို အသုံးပြုပြီး Driver ရှာနည်းလေးပါ။ အဲဒါလေးကတော့ ဒီလိုပါ။
- Device Manager ကနေ Missing Driver ဖြစ်နေတဲ့ Device ပေါ်မှာ Right Click နှိပ်ပြီး Properties ရွေးပါ။
- Dialog Box ပေါ်လာတဲ့အခါ Details ကိုနှိပ်ပါ။
- Property combox box ထဲက Hardware ID ကို ရွေးပါ။
ဒါဆိုရင်ရပါပြီ။ Google မှာ VEN_1969&DEV_1062 Driver ဆိုပြီး ရိုက်ထည့်ရှာလိုက်ရုံနဲ့ အဲဒီ Device ရဲ့ Driver တွေကို ရှာတွေ့ပါလိမ့်မယ်။ ဒီ Hardware ID ကြည့်တဲ့ နည်းလမ်းကို အသုံးပြုပြီး Device Manager က Unknown Device ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။ Unknown Device တစ်ခုရဲ့ Hardware ID ကို Google မှာ ရိုက်ထည့်ရှာ လိုက်ရုံနဲ့ သူဟာ ဘာ Device ဖြစ်တယ်ဆိုတာ အဖြေပေါ်သွားလိမ့်မယ်။
Driver ပြဿနာများကို ဖြေရှင်းနိုင်ကြပါစေ။
မူရင်းရေးသားသူ။ ။
No comments:
Post a Comment