Saturday, April 9, 2011

MEMORY တိုးပြီးဘာကြောင့် မမြန်တာလည်း

      MEMORY တိုးပြီး ဘာကြောင့် မမြန်တာလည်းလို့မေးလာခဲ့ ရင်အောက်ပါအချက်များကို သတိပြု စစ်ဆေး ကြည့်စေ လိုပါတယ်။
• ပထမဆုံး ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Motherboard သည် RAM ဘယ်လောက်ထိ တိုးမြှင့်တာကို လက်ခံမယ် ဆိုတာ စစ်ဆေးပါ။ Motherboard ရဲ့ manual ကို ဖတ်ကြည့်ပါ။
• Motherboard ကို စစ်ရခက်ရင် 1.2 cache သည် memory ဘယ်လောက် ဆိုတာ ကြည့်ပါ။ ဥပမာ 1.2 Cache သည် 512MB ဖြစ်ရင် ၎င်း ကွန်ပျူတာမှာ ထည့်ရမယ့် RAM သည် 512 MB ဖြစ်ရပါမယ်။ လိုအပ်လို့ ထပ်တိုးချင်ရင် နှစ်ဆအထိ တိုးမြှင့်နိုင်ပါတယ်။
• တကယ်လို့ Motherboard မှာ socket ၄ခု ရှိရင် socket နှစ်ခု (တစ်စုံ) သည် channel A နဲ့ နောက်တစ်စုံသည် channel B ဖြစ်ပါတယ်။ အဲဒီမှာ 256 MB နှစ်ချောင်းတပ်မယ် ဆိုရင် channel B မှာ တပ်ရပါမယ်။ ဆိုလိုတာက 256 MB နဲ့ 512 MB တစ်စုံကို တွဲပြီး မတပ်သင့်ပါ။
• အဲဒီလိုပဲ socket ၄ခုမှာ နှစ်ချောင်းကို တပ်ရင် ပထမဆုံး socket ကစပြီး အစဉ်လိုက် တပ်ရပါမယ်။
• Socket ၂ခုမှာ 256 MB နဲ့ 512 MB ကို တွဲပြီး မတပ်သင့်ပါ။ တူတဲ့ RAM ချင်းတပ်ရပါမယ်။ ဥပမာ 256 MB နဲ့ 256 MB ဖြစ်သင့်ပါတယ်။



မူလရေးသားသူ။   ။ ကိုမြတ်

No comments:

Post a Comment