
iDhamma app လေးထဲမှာ ပရိတ်ကြီး ၁၁ သုတ်၊ ဓာရဏ ပရိတ်တော်၊ ပဌန်း တရားတော် အကျဉ်း၊ ပဌန်း တရားတော် အကျယ်၊ ဓမ္မစကြာ၊ ဂုဏ်တော်များ၊ ဂုဏ်တော်ကွန်ချာ၊ မေတ္တာပို့ နှင့် အမျှဝေ စတဲ့ တရားတော်တွေကို ရွက်ဖတ်၊ပူဇော် နိုင်ပါတယ်။ ပရိတ်ကြီး ၁၁ သုတ် ကိုတော့ နာကြားရင်း ရွက်ဖတ်၊ ပူဇော် နိုင်ပါတယ်။ နှစ်သက်ရာတရားတော်များ ကိုလဲ Favorite လုပ်ထားလို့ ရပါတယ်။
Singapore နိုင်ငံမှာ နေထိုင်တဲ့ သူတွေ အတွက်တော့ တရားပွဲများကို ဘယ်နေ့၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဆရာတော်ကြီးများ ဟောကြားပေးမည် ဆိုတဲ့ News လေးလဲထည့်ပေး ထားပါတယ်။
iDhamma app ကို iPhone ရဲ့ App Store မှ Search ထဲမှာ iDhamma ဆိုပြီး ရိုက်ရှာလိုက်ပါ။ ပြီးရင် install လုပ်လိုက်ပါ။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မတရားတော်တွေကို ရွက်ဖတ်ပူဇော်၊ နာကြားရင်း ဓမ္မကုသိုလ် ယူနိုင်ကြပါစေ။
No comments:
Post a Comment