iPhone မှာ ကိုယ့်စိတ်ကြိုက် MP3 သီချင်းတွေ ထည့်တဲ့နည်းလေး ကို တော်တော်များများ သိပြီးဖြစ်မှာပါ။ မသိသေးသော သူများလဲ ရှိဦးမယ်လို့ ထင်ပြီး ဒီပိုစ်လေးကိုရေး လိုက်ပါတယ်။ ပထမဆုံး computer မှာ iTunes ကို download လုပ်ပြီး install လုပ်လိုက်ပါ။ Latest iTunes downloadကို ဒီမှာ.. ယူပါ။ ပြီးရင် သင့်မှာ Apple ID account ရှိဖို့ လိုပါတယ်။ မရှိသေးသူများ Apple ID Account (iTunes Account) တစ်ခုကို ဖန်တီး လိုက်ပါ။
1. iTunes ကိုဖွင့်လိုက်ပါ။ အရင်ဆုံး မိမိ ရဲ့ Computer ကို Authorize လုပ်ဖို့ iTunes ရဲ့ အပေါ်ဘားမှ
Store ကိုနိုပ်ပြီး Authorize This Computer...ရွေးလိုက်ပါ။ ပြီးရင် မိမိရဲ့ Apple ID နဲ့ Password ကို
ရိုက်ထည့် ပြီး Authorize ကိုရွေးပါ။
Store ကိုနိုပ်ပြီး Authorize This Computer...ရွေးလိုက်ပါ။ ပြီးရင် မိမိရဲ့ Apple ID နဲ့ Password ကို
ရိုက်ထည့် ပြီး Authorize ကိုရွေးပါ။
2. iTunes ရဲ့ ဘယ်ဘက်မှ Panel လေထဲက LIBRARY ရဲ့အောက်မှ Music ထဲကို မိမိစိတ်ကြိုက် MP3
သီချင်းများကို အရင်ဆုံး ထည့်ပါ့မယ်။
3. မိမိ iPhone ကို computer နှင့်ချိတ်လိုက်ပါ။ iTunes ရဲ့ ဘယ်ဘက် Panel လေထဲမှ DEVICES
ရဲ့အောက်က မိမိ iPhone ကို ရွေးပေးပါ။ ညာဘက်က box ထဲမှ Music ကိုရွေးပါ။ Sync Music ကို
အမှန်ချစ်လေးပေးပြီး Entire music library ကိုရွေးပေးပါ။ ပြီးရင် iTunes ရဲ့ညာဘက်အောက်
နားထောင့်က Sync ကို နိုပ်လိုက်ပါ။
ရဲ့အောက်က မိမိ iPhone ကို ရွေးပေးပါ။ ညာဘက်က box ထဲမှ Music ကိုရွေးပါ။ Sync Music ကို
အမှန်ချစ်လေးပေးပြီး Entire music library ကိုရွေးပေးပါ။ ပြီးရင် iTunes ရဲ့ညာဘက်အောက်
နားထောင့်က Sync ကို နိုပ်လိုက်ပါ။
4.iTunes> Library> Music ထဲမှ သီချင်းတွေအားလုံး iPhone ရဲ့ Home scream ပေါ်မှာ iPod ဆိုတဲ့ app icon လေးထဲကို ၀င်သွားပါလိမ့်မယ်။ iOS 5 ကိုအသုံးပြုနေတဲ့ သူတွေမှာတော့ Music ဆိုတဲ့ app icon လေးထဲကို ၀င်သွားပါမယ်။
ဓါတ်ပုံတွေကို ပုံကြီးချဲ့ပြီး ကြည့်ချင်တယ်ဆိုရင် ဓါတ်ပုံပေါ်ကို Left click တစ်ချက်နိုပ်ပြီး ကြည့်နိုင်ပါတယ်။ မရှင်းလင်းတာများရှိရင် အောက်မှာရှိတဲ့ comment box လေးထဲမှာ စာရိုက်ပြီးမေးနိုင် ပါတယ်။ ဒါမှမဟုတ် lattnyein@gmail.com သို့ email ပို့ပြီး မေးရင်လည်းရပါတယ်။အားလုံးကိုကျေးဇူး တင်ပါတယ်။
မူရင်းရေးသားသူ။ ။ Nyein Latt
အဆင်ပြေတယ် အကို ..... သိုင်းကျူး
ReplyDeleteအဆင်ပြေတယ် ဆိုလို့ဝမ်းသာပါတယ်။
ReplyDeleteအကိုရေ .....
ReplyDeleteသီချင်းတွေ ထပ်ထည့်ချင်လို့ လေ.... အဲ့ဒါ ပထမ ရှိနေတဲ့
သီချင်းတွေ ပျောက်သွားနိုင်လား..... ကွန်ပြူတာက ကိုယ်ပိုင် မဟုတ်
တော့ .... သီချင်း ထပ်ထည့်ဖို့ itunes ကို install လုပ်ရအုန်း
မယ် အကို.... အဲ့ဒါကြောင့် ..
iPhone ကို နောက်ထပ် iTunes အသစ်နဲ့ ပြောင်းချိတ်ပြီး Sync လုပ်မယ်ဆိုရင်တော့ ယခင်ထည့်ထားတာတွေ ပျောက်သွားနိုင်ပါတယ်။ မပျောက်ချင်ဘုးဆိုရင်တော့ iTunes အသစ်ရဲ့ Library ထဲကို ပထမထည့်ထားတဲ့ Musics, Videos တွေကိုပြန်ထည့်ရမှာပါ။ ပြီးမှ ကိုယ်ထပ်ထည့်ချင်တဲ့ အသစ်တွေကို ထည့်ပါ။ ပြီးရင် Sync ကိုနှိပ်လိုက်ပါ။ ဒါဆိုအဆင်ပြေပြီ ထင်ပါတယ်။
ReplyDelete