Thursday, June 9, 2011

iPhone ပေါ်မှာ မြန်မာစာ ဖတ်ချင်သူတွေအတွက် iBrowser MM app နှင့် မိတ်ဆက်ခြင်း

    iPhone ကို jailbreak မလုပ်ပဲ iPhone ထဲမှာ မြန်မာစာ ဖတ်ချင်တဲ့ သူတွေအတွက် iBrowser MM ဆိုတဲ့ iPhone application လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီ App လေးပေါ်နေတာ ကြာပါပြီ။ အားလုံးသိနေကြပြီ ထင်လို့ မတင်ဖြစ်ခဲ့တာပါ။ တစ်နေ့က သူငယ်ချင်း တစ်ယောက် ကမေးတာနဲ့ blog မှာတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီ iBrowser MM လေးထဲမှာ ကိုကြည့်ချင် တဲ့ မြန်မာ web site/ blog ရဲ့နာမည်တွေကို ရိုက်ထည့်ပြီး ကြည့်နိုင်သလို GTalk, Gmail နဲ့ Facebook စတဲ့ web site တွေကိုလည်း အလွယ်တကူ ဖွင့်လို့ရအောင် စီစဉ်ပေးထားပါတယ်။ မြန်မာဖောင့်ကို Zawgyi နဲ့ Unicode နှစ်မျိုးစလုံးကို ဖတ်လို့ရအောင် Search bar ရဲ့ညာဘက်မှာ Uni နဲ့ Z1 ဆိုပြီးပြပေးထားပါတယ်။   

   အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။





iBrowser MM app ကို iPhone ရဲ့ App Store မှ Search ထဲမှာ iBrowser MM ဆိုပြီး ရိုက်ရှာလိုက်ပါ။ ပြီးရင် Free ကိုနိုပ်ပါ။ install လုပ်လိုက်ပါ။
iPhone ရဲ့ App Store မှာ Search လုပ်လို့မရဘူးဆိုရင် အောက်ကနည်းလမ်းလေးအတိုင်းလုပ် ကြည့်လိုက်ပါ။

 iMyanmar Browser 1.3.rar download link:

https://mail.google.com/mail/u/0/?ui=2&ik=a7295705ca&view=att&th=1352fa703d1b9830&attid=0.1&disp=safe&realattid=f_gy1r46bm0&zw

(OR)

1) download iMyanmar Browser 1.3.rar file.
2) Extract it. (Right click on iMyanmar Browser 1.3.rar and choose Extract here. Application will appear on the same page.)
3) Right click on application and open it. iTunes will appear and You will see application in iTunes Library > Apps
4) Connect iPhone to computer and sync it.



အားလုံးကိုကျေးဇူးတင်ပါတယ်။

မူရင်းရေးသားသူ။   ။ Nyein Latt              

13 comments:

  1. တကယ်လို့လိုချင်တဲ့သူတွေက ဘယ်လိုယူ၇မှာလဲ
    Download မတွေ့မိဘူးလားလို့ပါ
    ခင်မင်လျက်

    ReplyDelete
  2. iBrowser MM app ကို iPhone ရဲ့ App Store မှ Search ထဲမှာ iBrowser MM ဆိုပြီး ရိုက်ရှာလိုက်ပါ။ ပြီးရင် Free ကိုနိုပ်ပါ။ install လုပ်လိုက်ပါ။

    ReplyDelete
    Replies
    1. ကျွန်တော့အထင် မတင်တော့ဘူးထင်တယ်...ရှာ ခိုင်းသလိုရှာ တာပဲ မတွေ့  တော့ဘူး။
      အရင် ဒေါင်း တဲ့ သူတွေတော့ သုံးလို့  ရကြတယ်...နောက်ပိုင်းမရတော့ ဘူး။

      Delete
  3. ကိုညိမ်းလတ် ခင်မျာ ဒီပို့စ်လေး နဲ့ ကျနော့ ဘလော့ ထဲကပို့စ်လေးဟာ တူနေပါတယ်ဆိုတာ ခုမှသိရတာပါ ကျနော် ဘလော့ စ လုပ်တုံးက နားမလည်သေးတာရယ် Ning ဝက်ဆိုက်တွေထဲက တွေ့လို့ သဘောကျလို့ကူးယူထားတာပါ စာလုံးအရောင်တွေတောင် ကျနော်မပြောင်းတတ်သေးပါဘူး အဲဒါ အဲဒီပို့စ် တင်တဲ့သူရဲ့ မူရင်းအတိုင်းပါပဲ...။ကျနော့ ဘလောက်မှာတင်ထားတဲ့ ပို့စ်တော်တော်များများဟာ ကူးယူပြီး ပြန်လည် မျှဝေပေးတာများပါတယ် ကျနော် ကိုယ်တိုင် ရေးထားတာလေးတွေကတော့ မဖြစ်စလောက်လေး ပါ...။ခုနောက်ပိုင်း ပို့စ် အားလုံးကို ကူးယူဖေါ်ပြရင် ကူးယူလာတဲ့ နေရာကို ပို့စ်ရဲ့အောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်...။ ကျနော်က ခုမှလေ့လာဆဲ့မို့ လိုအပ်ချက်တွေအများကြီးရှိနေဦးမှာပါဗျာ...ဒီပို့စ်လေးအတွက် မူရင်းရေးသားသူကို ဖေါ်ပြမပေးနိုင်တာကို နားလည်ပေးပါ.....:( ကျနော်လဲခုမှ iPhone လေး စ ကိုင်တော့ လိုအပ်လို့ လိုက်ရှာတော့မှ သိရတာပါ....iPhone နဲ့ပတ်သက်တာလေးတွေ နားမလည်တာရှိရင် လာမေးဦးမယ်ဗျာ...ကျေးဇူးတင်ပါတယ် ကိုညိမ်းလတ် ခင်မျာ....တလက်စ ထဲ ဒီပို့စ်လေးကို ကူးယူခွင့်ပြုပါ...တဝက်တပျက် ဖြစ်နေတာလေးတွေ ပြည့်စုံသွားအောင်ပေါ့.....ကျေးဇူးတင်ပါတယ်....ကိုညိမ်းလတ်....။

    ReplyDelete
  4. ကိုညိမ်းလတ် ခင်မျာ download link က အလုပ်မလုပ်တော့ဘူးဗျ...ကူညီပါဦး ကျနော့ ဘလော့ ထဲကို ကူးတင်ပြီးခါမှ ဒေါင်းလော့ လင့်ခ် ကို စမ်းကြည့်လိုက်တာ လင့်ခ် သေနေမှန်း သိရတာ...

    ReplyDelete
  5. download link က မသေပါဘူး။ ၀င်ကမ္ဘာကျော် blog ထဲကို ၀င်ပြီးစမ်းကြည့်သေးတယ်။ Left click တချက်နိုပ်လိုက်တာနဲ့ download file ကပေါ်လာတယ်။ မရသေးဘူးဆိုရင် အောက်က link ကို စမ်းကြည့်ပါအုံး။

    http://www.mediafire.com/?3wb2qf3gqm9w693

    ReplyDelete
  6. ကျနော့် blog မှ post များကို လွက်လပ်စွာ ကူးယူဖော်ပြပေးနိုင်ပါတယ်။ ကျနော် အနေနဲ့လဲ ကူးယူဖော်ပြပေးတဲ့အတွက် အထူးအထူးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုသိထားတဲ့ ဗဟုသုတတွေကို အများသိအောင် share လုပ်ပေးလို့ပါ။ တနည်းအားဖြင့်ပြောရရင် ကျနော့်ဘက်က တတ်နိုင်သလောက် ပညာဒါန လုပ်ပေးနေတာပါ။ အဲဒါကြောင့် ကျနော့်ရဲ့ post တွေကို ကူးယူဖော်ပြပေးတဲ့ ညီအစ်ကိုမောင်နှမတွေဟာ ကျနော့်ရဲ့ ပညာဒါန အတွက် ပံ့ပိုးပေးနေသူတွေပါ။

    ReplyDelete
  7. ကိုညိမ်းလတ်ရေ ကျနော့ဖုံး 3GS iOS 5.0.1 မှာ မလုပ်ဘူးဗျာ...ကျနော်လဲ iPhone ကို ခုမှ စ သုံးဖူးတာဆိုတော့ မသုံးတတ်သေးဘူးဗျာ ဘာဆက်လုပ်ရမလဲ ညွှန်ကြားပေးဦး အကို....အားကိုးစွာဖြင့်..

    ReplyDelete
  8. iBrowser MM ကို Apple App store ထဲမှာ ရှာလို့မတွေ့တော့ဘူး။ ကျနော်တို့ အရင်က install လုပ်ထားပြီးသုံးနေတဲ့သူတွေမှာတော့ iOS 5 နဲ့ 5.0.1 မှာ သုံးလို့အဆင်ပြေနေဆဲပါ။ ဘာဖြစ်လို့ App store မှာမရှိတော့တာလဲဆိုတာတော့ ကျနော်လဲမပြောတတ်တော့ဘူး။ ဒါပေမယ့် iPhone မှာပါတဲ့ web browser ဖြစ်တဲ့ Safari နဲ့ ပုံစံတူ မြန်မာစာကို ဖတ်နိုင်တဲ့ Mogok web browser ကို တွေ့ထားပါတယ်။ App Store > Search မှာ Mogok web browser လို့ရိုက်ပြီး ရှာလိုက်ပါ။ ပြီးရင် install လုပ်ပြီးသုံးကြည့်လိုက်ပါ။ Mogok web browser အကြောင်းကို နောက်ရက်မှ post တခုအဖြစ်တင်ပေးပါမယ်။

    ReplyDelete
    Replies
    1. 1) download iMyanmar Browser 1.3.rar file.
      2) Extract it. (Right click on iMyanmar Browser 1.3.rar and choose Extract here. Application will appear on the same page.)
      3) Right click on application and open it. iTunes will appear and You will see application in iTunes Library > Apps
      4) Connect iPhone to computer and sync it.
      အဲဒီအဆင့် အားလုံး ရပါတယ်။ ဒါပေမယ့် Sync လဲလုပ်ရော
      Authorization အတွက် lattnyein@gmail.com ရဲ့ Password ကို တောင်းပါတယ်
      အဲဒါနဲ့ Computer ပေါ်မှာ မြင်ရပေမယ့် iPhone ထဲအထိ မရောက်ဘူး ဖြစ်နေပါတယ်

      Delete
    2. ဟုတ်တယ်ဗျ မရဘူး

      Delete
    3. Mogok web browser ကိုသုံးကြည့်ပါလား။ ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။

      Delete
  9. ကိုငြိမ်းလတ်
    ဦးဇင်းက iPhone 5 သုံးပါတယ်။ အခက်အခဲဖြစ်နေတာက ဗိုက်ဘာသုံးတဲ့အခါ မြန်မာလို့ ရေးလို့ ဖတ်လို့ မရပါ။ ဂျေးဘရိတ်မလုပ်ဘဲ မြန်မာလို သုံးလို့ ရမယ့်နည်းလေးများ ရှိလျှင် ကူညီပေးစေချင်ပါတယ်။
    ပြီးတော့ ကွန်ပျူတာမှာလဲ Photoshot CS တင်လို့ မရပါ။ PageMaker လဲ ရှာလို့ မရပါ။ iMac ကွန်ပျူတာတွေမှာ Pagemaker တင်လို့ ရမရလဲ သိချင်ပါတယ်။

    ReplyDelete