Tuesday, August 2, 2011

iPhone ( Version iOS 4.3.2 & 3 ) အတွက် အလွယ်ဆုံး Jailbreak လုပ်နည်း

       iPhone version ( iOS 4.3.2 & 3 ) အတွက် အလွယ်ကူဆုံး jailbreak လုပ်နည်းလေးပါ။ iPhone ကို Jailbreak လုပ်တဲ့နည်း အမျိုးမျိုး ရှိပါတယ်။ ဒီနည်းလေးကတော့ iPhone ကို Computer နဲ့ချိတ်ဆက်ဖို့ မလိုပဲ iPhone ပေါ်မှာတင် Jailbreak လုပ်နိုင်တဲ့ နည်းလေးပါ။

            1) iPhone home scream ပေါ်မှ Safari ကိုဖွင့်ပြီး search bar မှာ www.jailbreakme.com ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင် iPhone keyboard ရဲ့ ညဘက်အောက်ခြေထောင့်မှ Go ကို နိုပ်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း ပုံလေးတွေ ပေါ်လာပါမယ်။ FREE ကိုနိုပ်ပြီး INSTALL ကိုနိုပ်ပါ။


             2) iPhone home scream ပေါ်မှာ Cydia ကို  INSTALL လုပ်နေပါမယ်။ ပြီးသွားရင်တော့ Cydia ကို  အောက်ကပုံလေး အတိုင်း တွေ့ရမှာပါ။


အဆင်မပြေတာတွေ ရှိခဲ့ရင် အောက်က Comment box မှာ စာရိုက်ပြီးမေးနိုင်ပါတယ်။


မူရင်းရေးသားသူ။   ။ Nyein Latt

8 comments:

  1. အကိုအရန်းမိုက်တယ် thank u...............

    ReplyDelete
  2. အစ်ကို
    jail break လုပ်ခြင်း ရဲ ကောင်းကျိုး ဆိုးကျိုး များကို သိချင်လိုပါ။

    ReplyDelete
  3. ကျွန်တော့် အမြင်ကိုပြောရရင် iPhone user တွေ jailbreak လုပ်တယ်ဆိုတာ Apple က တရားဝင်ခွင့်ပြုမထားတဲ့၊ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ Third-party applications တွေကို iPhone ပေါ်မှာ အသုံးပြုချင်လို့ပဲ လို့ထင်ပါတယ်။ (ဥပမာ-ကျနော် ဆိုရင် မြန်မာဖောင့်နဲ့ မြန်မာကီးဘုတ် ကိုသုံးချင်လို့ jailbreak လုပ်ထားတာပါ။)ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် တကယ် အသုံးဝင်တဲ့ App လေးတွေသုံးရတော့ ကောင်းကျိုးပေါ့နော်။
    အဲ..ဆိုးကျိုးကတော့ (၁)jailbreak လုပ်ထားတဲ့ iPhone ဆိုရင် Apple ကပေးထားတဲ့ အာမခံ (Warranty)ကိုပယ်ဖျက်ခံရ ပါမယ်။ {iPhone user အသစ်အတွက် အာမခံချက်ကို(၁)နှစ်ပေး ပါတယ်။ နှစ်တိုး အာမခံအတွက် ၁ နှစ်ကို S$99 နဲ့ဝယ်နိုင်ပါတယ်။ jailbreak လုပ်ပြီးသားသူတွေလဲ အာမခံချက် မရှိတော့ဘူးဆိုပြီး စိတ်ညစ်မနေပါနဲ့ iPhone ကို iTunes နဲ့ ချိတ်ပြီး Restore လုပ်လိုက်ရင် jailbreak လုပ်ထားတာ ပျောက်သွားပြီး မူလအတိုင်း ပြန်ဖြစ်သွား ပါလိမ့်မယ်။} (၂)တခါတလေ အဆင်မပြေရင် iPhone ကိုအသုံးပြုရတာ လေးနေ တတ်ပါတယ်။ ဒါလေးတွေကတော့ ဆိုးကျိုးပေါ့နော်။
    ကျနော် သိသလောက်လေးကို တင်ပြတာပါ။ လိုအပ်တာများရှိသေး တယ်ဆိုရင်လဲ သိတဲ့သူများ ထပ်ပြီးတင်ပြပေးစေချင်ပါတယ်။

    ReplyDelete
  4. ကျေးဇူဘယ် အစ်ကို အားရှိသွားပြီး

    ReplyDelete
  5. ဗားရှင်း iOS 5.0.1 အတွက်ရော Jailbreak လုပ်တာ ဒီလိုဘဲလုပ်ရလား အကို။
    ကျနော်အကိုအပေါ်ကပြောတဲ့နည်းအတိုင်း လုပ်ကြည့်တာ FREE ဆိုတဲ့စာကိုမတွေ့ရပါဘူး။ ကျနော် ဖုန်းက iphone 4s ပါ။ တခြားနည်းလမ်းများရှိရင်လဲ ကူညီပြောပြပေးကြပါ။

    ReplyDelete
  6. iOS 5.0.1 အတွက် တခြားနည်းကိုပဲ သုံးရမှာပါ။ ဒီနည်းက iOS 4.3.2 နဲ့ 4.3.3 အတွက်ပါ။ iOS 5.0.1 အတွက် jailbreak လုပ်တဲ့နည်းတွေရှိပေမယ့် ပြုလုပ်ရမယ်အဆင့်တွေက များတော့ ရှင်းပြဖို့အခက်အခဲ ရှိတာကြောင့် Post မတင်ဖြစ်တာပါ။ အခုတလောမအားတာလဲပါတာပေါ့။ အချိန်ရရင် Post တင်ပေးပါ့မယ်။

    ReplyDelete
  7. ကျနော့်ရဲ့ Iphone4s က ဘာလို့ အဲ့ဒါကို install ဆွဲ တင်လို့မရတာလဲ ကျနော်နားမလည်တော့ဘူး
    ကြိုစားပြီ လုပ်တာလဲ မရလို့ ကူညီပါအုံးခင်ဗျာ...

    ReplyDelete
    Replies
    1. This jailbreak is only for iPhone version 4.3.2 & 4.3.3. iPhone 4S came with version 5.0 & 5.0.1. I have posted Jailbreak for iPhone 4S & iPad 2 on 26 Jan 2012 in my blog.

      Delete