Friday, October 7, 2011

Window နဲ့ Zawgyi Font ပြသာနာ

တစ်နေ့က သူငယ်ချင်းတစ်ယောက် ကျနော့်ဆီကို ဖုန်းခေါ်ပြီး Zawgyi font ပြသာနာကို မေးလာတယ်။ သူ့ရဲ့ Window မှာ Zawgyi font ကို install လုပ်ပြီး မြန်မာဖောင့် သုံး ကြည့်တော့ Web site တွေပေါ်မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် gtalk မှာသုံးကြည့်တော့ လေးထောင့် အ တုံးတွေပဲပေါ်နေလို့ ဘယ်လိုလုပ်ရမလဲတဲ့။ သူ့ Window ရဲ့ System ကိုမေးကြည့်တော့ 64-bit တဲ့။

         Forum တခုမှာလဲ  အခုလိုမျိုး မေးထားတာကို တွေ့ရပါတယ်။ "မင်္ဂလာပါ ကျတော့ ပြသာနာက window7 System 64-bit မှာzawgyi keyboard install လုပ်ပြီး တော့သုံးတဲ့အခါ browser တွေ မှာမြန်မာ ဖောင့်ကို မြင်ရပါတယ် ဒါပေမဲ့ gtalk မှာ မြန်မာလို ရိုက်တဲ့ အခါ လေးထောင့်အတုံးတွေပဲပေါ် တယ်ခင်ဗျ။ တခြားသူဆီမှာတော့ မြန်မာလိုပေါ်တယ် တခြားသူက မြန်မာလို ပြန်ရိုက်ရင်လဲ ကျတော့ ဆီမှာ
လေးထောင့်တုံးတွေပဲ ပေါ်တယ်ခင်ဗျ။ အဲဒါဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းတွေ ရှိရင် ပြောကြပါအုံး ခင်ဗျာ" တဲ့။

          ဖြေရှင်းနည်းလေးကို ပြောပြချင်ပါတယ်။ အဓိက ကတော့ Window System က 64-bit ဖြစ်တဲ့ အတွက် Zawgyi 64-bit ကို Install လုပ်ပေးဖို့ လိုပါတယ်။ Window System ဘယ်လောက်လဲ သိချင်ရင် My computer ပေါ်ကို Right Click နိုပ်ပြီး Properties ကိုရွေးပါ။ ပေါ်လာသော box ထဲမှ System type: မှာ 32-bit ဒါမှမဟုတ် 64-bit Operating System ဆိုတာကို တွေ့ရမှာပါ။

      Zawgyi 64-bit ကို Install လုပ်ဖို့  အရင်ဆုံး zawgyi-keyboard AIO ကို download ဆွဲချ လိုက်ပါ။ အောက်က ပုံလေးပြထားတဲ့အတိုင်း zawgyi-keyboard AIO ဆိုပြီး WinRAR ဖိုင်လေးနဲ့ ပေါ်လာ မှာပါ။  ပေါ်မလာဘူးဆိုရင်တော့ WinRAR ကို download လုပ်ပြီး Install လုပ်လိုက်ပါ။
 
       WinRAR ဖိုင်လေးကို Folder အဖြစ်ပြောင်းဖို့လိုပါတယ်။ WinRAR ဖိုင်လေးအပေါ်ကို Right Click နိုပ် လိုက်ပါ။ ပေါ်လာသော box ထဲမှ Extract to zawgyi-keyboard AIO\ ရွေးလိုက်ပါ။ zawgyi-keyboard AIO ဆိုပြီး Folder ဖိုင်လေးတစ်ခု ပေါ်လာပါမယ်။
         Folder ဖိုင်လေးကို ဖွင့်ပြီး ZawgyiL_amd64 ကို install လုပ်လိုက်ပါ။
        ကဲဒီလောက်ဆို Web page နဲ့ gtalk တွေမှာ Myanmar Keyboard နဲ့ Font ကို သုံးလို့ရသွားပြီလို့ ထင်ပါတယ်။သုံးလို့မရသေးဘူးဆိုရင် အောက်မှာပြထားတဲ့အတိုင်း Settings လေးတွေကို ပြောင်းကြည့်ပါ။ 

For Internet Explore
 Tools > Internet Options > Fonts ထဲမှာ Zawgyi-One ကို ရွေးပါ။


For Mozilla Firefox
 Tools > Options > Fonts & Colors ရဲ့အောက်က Default font: မှာ Zawgyi-One ကို ရွေးပါ။

အဆင်မပြေတာများ ရှိသေးရင် comment box မှာ စာရိုက်ပြီး မေးနိုင်ပါတယ်။

မူရင်းရေးသားသူ။  ။ Nyein Latt

4 comments:

  1. gmail မှာ အဆင်ပြေပါတယ်
    ဒါပေမဲ့ gtalk မှာ ရိုက်လို့ ရတယ် ဖတ်လို့ မရပါဘုး
    ဘယ်လို လုပ်ရပါမလဲ
    ကျေးဇူးပြုပြီး အကြံကောင်းလေး ဘာလေး ပေးပါ။

    ReplyDelete
  2. gtalk ရဲ့ Setting > Change Fonts အောက်မှာ Zawgyi One ကိုရွေးပြီး OK လုပ်ကြည့်လိုက်ပါ။ မရသေးဘူးဆိုရင်တော့ gtalk နဲ့ Zawgyi နှစ်ခုစလုံးကို uninstall လုပ်ပြီး window ကို restart လုပ်ပါ။ ပြီးရင် gtalk နဲ့ Zawgyi နှစ်ခုစလုံးကို Install ပြန်လုပ်ပြီး window ကို restart လုပ်လိုက်ပါ။ ကြိုးစားကြည့်ပါအုံး။

    ReplyDelete
  3. gtalk နဲ့ Zawgyi နှစ်ခုစလုံးကို uninstall လုပ်ပြီး window ကို restart။ ပြီးတော့ install ပြန်လုပ်တယ်။ ဒါပေမယ့် မရဘူးဖြစ်နေတယ်အကို.. Browser မှာ ကျတော့ အားလုံးအဆင်ပြေတယ်..။ Gtalk ကိုယ်က ရိုက်လို့ရတယ်.. သူ့စာကို မမြင်ရဘူး.. ဘယ်လိုလုပ်ရမလဲ အကို။ gtalk ရဲ့ Setting > Change Fonts အောက်မှာ Zawgyi One ကိုရွေးပြီး OK ပြီးပြီး..
    အဲ့တာလဲမရဘူး..။ (zawgyi-one font ကို ဘယ်လို uninstall လုပ်ရမလဲ? uninstall လုပ်လို့လဲ မရဘူး..)

    ReplyDelete
  4. ကိုနေမင်းဝေ ပြောမှ ခေါင်းတောင်နည်းနည်းစားသွားတယ်။ ဒီနေ့ပဲ သူငယ်ချင်းတစ်ယောက်ကို လုပ်ပေးလိုက်သေးတယ်။ ထားပါတော့.. Window ထဲကနေ Zawgyi-one font ကိုဖြတ်ချင်တယ်ဆိုရင် Computer -> Local Disc (C:) -> Window -> Fonts ရဲ့အောက်က Zawgyi-one font ပေါ်ကို Right click လုပ်ပြီး Delete လုပ်လိုက်ရင် ရပါပြီ။ ကိုနေမင်းဝေ ပြသာနာ ကိုတော့ ကျနော့်ထက်သိတဲ့ ဆရာတွေကိုမေးကြည့်ပေးပါ့မယ်။

    ReplyDelete