Jailbreak လုပ်စရာမလိုပဲ iPhone, iPad နဲ့ iPod Touch တို့အပေါ် မှာ မြန်မာစာရိုက်နိုင်ဖို့ အတွက် မင်္ဂလာပါ MMKeyboard Lite App လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Application ထဲမှာ ရိုက်ထားတဲ့ မြန်မာစာတွေကို Copy ကူးယူပြီး တခြား ကိုယ်ထည့်ချင်တဲ့ နေရာကို Past လုပ်ရမှာပါ။ Email ပို့ဖို့အတွက် တိုက်ရိုက် ပို့လို့ရအောင် လုပ်ထားပါတယ်။ ဒီ Application လေးကို ဖန်တီးပေး တဲ့ Apple developer ကတော့ Ko Moe Sat Phyo Han ဖြစ်ပါတယ်။ ဒီ Application လေးမှာ Lite version နဲ့ Full version ဆိုပြီး နှစ်မျိုးရှိပါတယ်။ MMKeyboard Full version ကို US$ 0.99 ပေးပြီး ၀ယ်ရပါတယ်။ အသုံးပြုပုံတွေကို အောက်မှာဆက်ပြီး လေ့လာလိုက်ပါ။ MMKeyboard Lite App လေးကို App Store ထဲမှာ Free download လုပ်ယူနိုင်ပါတယ်။
မင်္ဂလာပါ MMKeyboard Lite ကိုအသုံးပြုပုံ
ZawGyi Font ကိုသုံးဖို့ "ZawGyi" ပေါ်ကိုနိုပ်ပါ။ |
English Font ကိုပြန်သုံးဖို့ ညာဘက်အောက်ထောင့်မှ "English"ကိုနိုပ်ပါ။ |
Text ကို Copy လုပ်ဖို့ "Copy" ကိုနိုပ်ပါ။ Email ပို့ရန် ပုံမှာပြထားတဲ့အတိုင်း လေးထောင့်ကွက်လေးကိုနိုပ်ပါ။ |
iPhone ကို Jailbreak လုပ်ပြီး ZawGyi Font ထည့်မထားဘူးဆိုရင် Email ထဲမှာ မြန်မာစာတွေအစား လေးထောင့်ကွက်တွေကိုပဲတွေ့ရမှာပါ။ |
မှတ်ချက် ။ ။ iPhone ကို jailbreak လုပ်ပြီး Zawgyi Font ထည့်မထားဘူးဆိုရင် MKeyboard နဲ့ ရိုက်ထားတဲ့ မြန်မာစာတွေကို Copy လုပ်ပြီး တခြား ကိုယ်ထည့်ချင်တဲ့ နေရာ တွေမှာ Past လုပ်တဲ့ အခါ လေးထောင့်အကွက်တွေကိုပဲ တွေ့ရမှာပါ။ တဖက်လူက Zawgyi Font ရှိတယ် ဆိုရင်တော့ မြန်မာစာကို တွေ့နိုင်ပါတယ်။ မြန်မာစာဖတ်လို့ရတဲ့ Apps တွေထဲမှာ Copy ကူးထည့်ပြီး သုံးမယ်ဆိုရင်လဲ မြန်မာစာတွေကို တွေ့မြင်နိုင်ပါတယ်။ |
မူရင်းရေးသားသူ ။ ။ Nyein Latt |
No comments:
Post a Comment