ဒီနေ့တော့ ကိုယ့်စိတ်ကြိုက် Music videos နှင့် Movies များကို iPhone ထဲမှာ ထည့်ပြီး ကြည့်ချင်တဲ့သူ အတွက် ဘယ်လိုလုပ် ရမယ်ဆိုတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။ iPhone ထဲကို Movie Files တွေထည့်ဖို့ ပထမဆုံး ကိုယ်ထည့်ချင်တဲ့ Movie Files တွေကို MP4 Movie File အဖြစ်ပြောင်းပေး ဖို့လိုပါတယ်။ Movie Files တွေကို MP4 Movie File အဖြစ်ပြောင်းဖို့ အခု ကျနော် အသုံးပြုနေ တဲ့ Total Video Converter ဆိုတဲ့ Software လေးကို အသုံးချသွားမှာ ဖြစ်ပါတယ်။ မိမိ စိတ်ကြိုက် တခြား video converter တွေကိုလည်း အသုံးပြုလို့ ရပါတယ်။
(1) Total video converter ကို download လုပ်ပြီး install လုပ်ပါ။ Registration အတွက် Register number လေးထည့်ပေးထားပါတယ်။TVC register number;
0ab52023-ba00347e-9fa86acd-fdc330a9-68578b7e-264b81e1-30bdfeef-cea403fa-20457e4a-39c03409-f69a9aba-388e8a94-677044c7-643fe9ac-66523c91-18a61801
Registration လုပ်ပုံ
Total Video Converter ကို ဖွင့်ပြီး ညာဘက် အောက်ခြေထောင့်မှ About ကိုနိုပ်ပါ။ ပေါ်လာသော box လေးမှ Register ကို နိုပ်ပါ။ အပေါ်မှ အနီရောင်ဖြင့် ရေးထားသော TVC register number အား copy လုပ်ပြီး ပေါ်လာသော box လေးထဲမှ Input of Paste your registration code အောက်မှ အဖြူရောင် box ထဲကို Past လုပ်လိုက်ပါ။ ပြီးရင် OK ကို နိုပ်လိုက်ပါ။ Register လုပ်တာအောင်မြင်သွားပြီဆိုတဲ့အကြောင်း box လေးပေါ် လာပါ့မယ်။
(2) Total video converter ကို ဖွင့်ပါ။ New Task မှ Import files ကိုရွေးပါ။ box လေးတစ်ခုကျလာ ပါလိမ့် မယ်။ box လေးထဲမှာ မိမိထည့်ချင်သော video file ကို ရွေးပြီး Open ကိုနိုပ်ပေးပါ။
(3) နောက်ထပ် box ကြီးတစ်ခု ပေါ်လာပါလိမ့်မယ်။ box ကြီးထဲမှ Apple Video ကိုနိုပ်ပြီး iPhone Mpeg4 ကိုရွေးပါ။
(4) မိမိ ပြောင်းမယ့် video file လေးရဲ့ရှေ့မှာ အမှန်ခြစ်ပေးပါ။ Setting မှာ high quality ကိုရွေးပါ။ Video file ကို convert လုပ်ပြီးသွားရင် MP4 video file လေးကိုသိမ်းဖို့ Open ရဲ့ဘေးက button လေးကို နိုပ်ပြီး Output File location ကိုရွေးပေးပါ။ အောက်က ပုံလေးမှာတော့ location ကို Desktop လို့ ရွေးထားပါတယ်။ ပြီးရင် Convert Now ကို နိုပ်လိုက်ပါ။
(5) Converting လုပ်နေပါလိမ့်မယ်။
(6) Convert လုပ်ပြီးသွားရင်တော့ စောစောက ရွေးခဲ့တဲ့ Output file location မှာ ကိုယ်လုပ်ထားတဲ့ MP4 video file လေးကိုတွေ့ရမှာပါ။
ကဲ....MP4 video file လေးတော့ပြောင်းလို ပြီးသွားပြီ။ iPhone ထဲကို ထည့်ရအောင်။
(7) iTunes ကို ဖွင့်ပါ။ MP4 video file တွေကို iTunes ရဲ့ ဘယ်ဘက်မှ Panel လေထဲက LIBRARY ရဲ့ အောက်မှ Movies ထဲသို့ Drag ဆွဲထည့်လိုက်ပါ။
(8) iPhone ကို computer နဲ့ချိတ်လိုက်ပါ။ iTunes ရဲ့ ဘယ်ဘက် Panel လေထဲမှ DEVICES ရဲ့အောက် က မိမိ iPhone ကို ရွေးပေးပါ။ ညာဘက်က box ထဲမှ Movies ကိုရွေးပါ။ Sync Movies ကို အမှန် ခြစ်ပေး ပါ။ ပြီးရင် Movies အောက်မှ ကိုယ်ထည့်ချင်တဲ့ MP4 video file လေးတွေကို အမှန် ခြစ်ပေးပြီး iTunes ရဲ့ ညာဘက်အောက်မှာ ရှိတဲ့ Apply ကိုနိုပ်လိုက်ပါ။
(9) iTunes/ Library/ Movies ထဲမှ Video တွေအားလုံး iPhone ရဲ့ iPod ဆိုတဲ့ icon လေးအောက်က Videos ထဲကို ၀င်သွားပါ လိမ့်မယ်။
မရှင်းလင်းတာများရှိရင် အောက်မှာရှိတဲ့ comment box လေးထဲမှာ စာရိုက်ပြီး မေးနိုင်ပါတယ်။ ဒါမှမဟုတ် lattnyein@gmail.com သို့ email ပို့ပြီး မေးရင်လည်းရပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
sync လုပ်ရင် iphone ထဲရှိပီးသား တွေကို erase လုပ်မယ်လို့ပြောပါတယ် ညီမက cus ringtone တွေထည့်ထားလို့ ပျက်သွားမှာနှမြောလို့ ဆက်မလုပ်ဖြစ်ဘူး အရင်ဟာတွေမပျက်ပဲ ထပ်ထည့်လို့မရဘူးလား နည်းလမ်းလေးကူပါအုန်း ကျေးဇူး :)
ReplyDelete